မုံရွာအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအိက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဌာန၏လုပ်ငန်းဆောင်ရွက်မှု အကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နိုင်ရန်ကုန်အညွှန်း အမှတ်အသားများအကြာင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဌာန၏ ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေ၍ ကျောင်းအုပ်ဆရာမကြီးအား  ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ သိရှိလေ့လာနိုင်စေရန် စားသုံးရန်မသင့်သည့် ဗီနိုင်းပိုစတာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ (၄)ဦး၊ ကျောင်းသား/သူ (၉၉)ဦး၊  စုစုပေါင်း (၁၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(စစ်ကိုင်း)