စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအိက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဌာန၏လုပ်ငန်းဆောင်ရွက်မှု အကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နိုင်ရန်ကုန်အညွှန်း အမှတ်အသားများအကြာင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဌာန၏ ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေ၍ ကျောင်းအုပ်ဆရာမကြီးအား ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ သိရှိလေ့လာနိုင်စေရန် စားသုံးရန်မသင့်သည့် ဗီနိုင်းပိုစတာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ (၄)ဦး၊ ကျောင်းသား/သူ (၉၉)ဦး၊ စုစုပေါင်း (၁၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)