
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန် သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဝတိံသာလမ်း၊ အမှတ်(၁၄၄)ရှိ "Hsu Online Shop " ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်စဉ်ကရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၇.၇.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် "Hsu Online Shop " ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်သည် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
