
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၀ ရက်နေ့၊ ၁၁း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ မြိတ်မြို့ပေါ်ရှိ Poe Cosmetic လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းရှင်းလင်း ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလုပ်ကိုင်သည့် ကုန်စည်များ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှုများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန်နှင့် တရားမဝင်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တားမြစ်ထားသောပစ္စည်းများအား ရောင်းချမှုများမရှိစေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
