ကြို့ပင်ကောက်မြို့နယ် ကိုယ်ပိုင် ချက်ကြံစိုက်ပျိုးပြီး ကြံသကာ ရောင်းအားကောင်းမွန်နေ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကြို့ပင်ကောက်မြို့မ ယင်းချောင်းခွအုပ်စု ၊ ရန်ကြီးအောင်ကျေးရွာတွင် ကြံကို ကိုယ်ပိုင်စိုက်ပျိုး၍ ကြံသကာ ထုတ်လုပ် သော လုပ်ငန်းရှိပါသည်။

          ရန်ကြီးအောင်ကျေးရွာတွင် ချက်ကြံ စိုက်ပျိုးဧက ၃ ဧကနှင့် ဇီးကုန်းမြို့တွင် ၃ ဧကဖြင့် ကြံစိုက်တောင်သူ တစ်ဦးမှ ကိုယ်ပိုင်စိုက်ပျိုးထားရှိပြီး ကြံသကာချက်လုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပါသည်။ ကြံကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးပြီး နတ်တော်လတွင် ရိတ်သိမ်းပါသည်။ တစ်ဧက ကြံချောင်းထွက်ရှိသည်မှ ကြံသကာ ထွက်ရှိသည်အထိ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၇၆၄၀၀ဝိ-/) ကျပ်ခန့် ကုန်ကျပါသည် ။ တစ်ဧကထွက် ကြံချောင်းများကို ကြံသကာ ချက်သည့်အခါ ပိဿာချိန် (၅၀၀) ခန့်ရရှိပါသည်။ ကြံသကာ တစ်ပိဿာရောင်းဈေး ၂၈၀ဝိ-/ ကျပ်ဖြင့် ရောင်းချရပြီး ပိဿာချိန် ၅၀၀ ရောင်းရငွေမှာ ၁၄ သိန်းကျပ်ခန့် ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၆၃၆၀၀ဝိ-/) ကျပ်ခန့်ရရှိပါသည်။

          တစ်နေ့လျှင် ကြံသကာ ထုတ်လုပ်ရန် ကြံချောင်းရေ (၂၀၀၀)ကျော်ပါ ပုဇဉ်းကား (၅)စီးဖြင့် သယ်ယူရရှိပြီး ရရှိသော ကြံချောင်းများကို အင်ဂျင်စက်ဖြင့် ကြိတ်ချေ၍ မီးဖို(၇)လုံးတန်းအိုး များထဲသို့ ကြံရည် နှင့် သရော်ခေျာင်း ၅ ချောင်း၏ ဘေးပလပ်များခွာပြီး ထုချေကာ ရောမွှေ၍ ရသော အရည်ကို  ရေဂါလံပုံး ၂ ပုံးဖြင့် မွဆေးအနည်းငယ်ထည့်၍ တစ်ပြိုင်တည်း ထင်း ၊ ကြံ ၊ ကြိတ်ဖတ် များဖြင့် (၂)နာရီကြာ မီးထိုး၍ ကျိုရပါသည်။ ကျို၍ရသော ကြံရည်များကို နောက်ဆုံး ဒယ်အိုးငယ် ထဲသို့ ထည့်ပြီး ထပ်မံ၍ ကျိုရပြီးမှ ဖြန့်ခင်းနိုင်ရန် ပုံစံခွက်ဗန်းများပေါ်တွင် အနံ ၃ ပေ ၊ အလျား ၅ပေရှိသော နှီးကြမ်းဖျာများကို ဗန်းထဲတွင် ဖြန့်ခင်းထားပြီး ကြံသကာရည်ကို အအေးခံ ၊ မျက်နှာပြင်ညှိပြီး အနည်းငယ်မာကျောလာလျှင် ၁၅မိနစ်ကြာထားပြီးပါက ကြံသကာများ ရရှိ ပါသည် ။ တစ်ဗန်းလျှင် ကြံသကာ ၅ ပိဿာခန့်ရရှိပြီး တစ်ခါကျိုလျှင် ၁၅မိနစ်ကြာထားပြီးပါက ကြံသကာများရရှိသည့်အတွက်  ၅၀ ပိဿာခန့် ရရှိပါသည်။ ကြံသကာ ၁၅ ချပ်စာပုံး (၁၀)ပိဿာဝင် ပုံးများဖြင့် ထည့်သို၍ လေလုံအောင် ထုတ်ပိုးထားရပါသည်။

          ကြံသကာ ဈေးကွက်အနေဖြင့် ကြို့ပင်ကောက်မြို့နယ်တွင်းနှင့် ဇီးကုန်းမြို့ ၊ နတ်တလင်းမြို့ ၊ ပေါင်းတည်မြို့ ၊ ပုတီးကုန်းမြို့ ၊ သဲကုန်း ၊ ဝက်ပုတ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)