ပြည်ခရိုင်အတွင်းရှိ သကြားစက်များစတင်လည်ပတ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံသီးနှံ(ခင်းသစ်) စိုက်ဧက (၂၀၄၉၈)ဧကလျှင် အထွက်နှုန်း(၂၅)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၅၀၀၀၀၀) ကျော်ခန့်၊  (လမိုင်း) စိုက်ဧက (၇၃၄၀)ဧကလျှင် အထွက်နှုန်း(၁၇)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၁၂၀၀၀၀) ကျော်ခန့်၊ စုစုပေါင်း (၂၇၈၃၈)ဧကလျှင် အထွက်နှုန်း(၂၃)တန်ခန့် ထွက်ရှိပြီး ကြံတန်ချိန်ပေါင်း (၆၀၀၀၀၀) ကျော်ခန့်ထွက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။

          ယခုကာလသည် ကြံခုတ်သိမ်းထွက်ရှိချိန်ကာလဖြစ်၍ ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်မှာ ၆.၁၂.၂၀၂၂ရက်နေ့တွင် စတင်လည်ပတ်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်ကြံတန်ချိန် (၂၀၀၀၀၀) ကြိတ်ခွဲရန် လျာထားပြီး သကြားတန်ချိန်(၂၀၀၀၀) ထုတ်လုပ်ရန် လျာထားကြောင်း သိရှိရပါသည်။ ယခု ဒီဇင်ဘာလလယ်ထိ ကြံတန်ချိန်(၃၁၄၁၀)တန်ကြိတ်ခွဲပြီး သကြားတန်ချိန်(၃၁၄၁)တန် ထုတ်လုပ်ပြီးကြောင်း သိရှိရပါသည်။

           ပေါက်ခေါင်းမြို့နယ် အင်ငါးခွ သကြားစက်အနေဖြင့် ၇.၁၂.၂၀၂၂ ရက်နေ့တွင် စတင် လည်ပတ်ခဲ့ပြီး ယခုနှစ်တွင် ကြံတန်ချိန်(၁၅၀၀၀၀)ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် (၁၅၀၀၀) ထုတ်လုပ်ရန် လျာထားကြောင်းသိရှိရပါသည်။ အင်ငါးခွသကြားစက် အနေဖြင့် ယခု ဒီဇင်ဘာလလယ်ထိ ကြံတန်ချိန်(၁၃၄၉၄)တန်ကြိတ်ခွဲပြီး သကြားတန်ချိန်(၁၃၄၉)တန် ထုတ်လုပ်ပြီး ဖြစ်ပါကြောင်းသိရှိရပါသည်။

           ကြံ(၁)တန်ဈေးနှုန်းအနေဖြင့် စက်အရောက်ဈေး တစ်တန်လျှင် (၇၅၀၀၀)ကျပ်ဈေးဖြင့် သကြားစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)