ပုသိမ်ခရိုင်အတွင်း စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၉.၇.၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီး မှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပုသိမ်ခရိုင်အတွင်းရှိ မိဘပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရေးနှင့် သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားအုန်းဆီလက်လီ/လက်ကား အရောင်ဆိုင်ကိုယ်စလှယ်များမှ ပြည်သူများထံသို့ စားအုန်းဆီဖြန့်ဖြူး ရောင်းချနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု- ခရိုင်ဦးစီးမှူးဦးကိုကိုအောင်သည် ပုသိမ်မြို့ရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့သွား၍ မိဘပြည်သူများထံသို့ ဆီအမှန်တကယ် ရောက်ရှိစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁) ပိဿာ (၅၀) ကျပ်သားနှုန်းဖြင့် စနစ်တကျခွဲတမ်းချ ရောင်းချပေးနေမှုရှိ/ မရှိနှင့်  မိမိသဘောဆန္ဒဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မတရားသဖြင့် ဈေးကစားခြင်းများ ရှိ/ မရှိ၊ ဝယ်ယူသူများနစ်နာမှုမရှိစေရန် အလေးချိန်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ စားအုန်း ဆီ ကိုယ်စလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက်ပိုမိုမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းပြီး ဈေးကစားခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)