
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ထွန်းသူရ သပြုဆန်စက် သို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ကွင်းဆင်းသွားရောက်၍ ဆန်စက်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစဉ် ထွန်းသူရ ဆန်စက်တာဝန်ခံနှင့် တွေ့ဆုံ၍ ဆန်စပါးဝယ်ယူမှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်အရည်အသွေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ သိုလှောင်သိမ်းဆည်းမှု အခြေအနေနှင့် ဈေးကွက် ဖြန့်ဖြူးရောင်းချနေမှုများကို လေ့လာခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ၊ ကြုံတွေ့နေရသော အခက်အခဲများနှင့် လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆန်စက်မှ သတ်တမ်းတိုးပြည့်မီပါက မဖြစ်မနေသက်တမ်းတိုးခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်၊ ဆန်စက်မှ စပါး/ဆန် ကြိတ်ခွဲသို လှောင်မှု၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက်များတွင် ဖြည့်သွင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းနှင့် ထို့ပြင် ဆန်စက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အသွေးမြင့် ဆန်ထုတ်လုပ်နိုင်ရေး၊ စားသုံးသူများထံ အရည်အသွေးပြည့်မီသော ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
