စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်

Powered by Drupal

         ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို၂၀၂၆ခုနှစ်  (၁၃) နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် မြို့နယ်ဦးစိးမှူးက စားသုံးသူများ၏ အခြေခံအခွင့်အရေး (၈) ရပ်၊ စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာ စိစစ်ဖတ်ရှုရန် လိုအပ်ချက်များ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် ထုတ်လုပ်သူအမည်တို့ကို စစ်ဆေးဝယ်ယူသင့်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

       ထို့ပြင် စားသုံးသူများအနေဖြင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများ၊ အန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါ Talk Show အစီအစဉ်ကို ပြည်သူများ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲတတ်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)