ပြည်မြို့၏ နနွင်းဈေးကွက်

Powered by Drupal

        ပြည်မြို့တွင် နနွင်းတက်များကို ကျောက်ဆည်၊ ဟင်္သာတ၊ မင်းတုန်းမြို့တို့မှ ရာသီပေါ်စအချိန်တွင် သိုလှောင်ရန် ဝယ်ယူထားရှိပြီး လေလုံသောအိတ်များဖြင့် ထုတ်ပိုးသိုလှောင် သိမ်းဆည်းထားကာ ဈေးကွက်အတွင်း လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ရောင်းချနေခြင်းဖြစ်ပါသည်။ လက်ရှိ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော နနွင်းဈေးနှုန်းများမှာ အတက်ကြီး အလုံးချော တစ်ပိဿာ ၅၀၀၀ကျပ်၊ အတက်သေးတစ်ပိဿာလျှင် ၃၅၀၀ကျပ်နှုန်းဖြင့် ပုံမှန်ဈေးဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ နယ်မြို့များသို့လည်း နနွင်းတက်အတိုင်း တင်ပို့ရောင်းချသလို နနွင်းမှုန့်ကြိတ်၍ ရောင်းချခြင်း၊ ခြင်ဆေးခွေအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချရန်အတွက်လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)