ပြည်ဈေးကွက်တွင် အာလူးအဝင်နည်း၍ ဈေးအနည်းငယ်မြင့်

Powered by Drupal

      ပြည်ဈေးကွက်၏ အာလူးဈေးအနေဖြင့် နိုဝင်ဘာနောက်ဆုံးပတ်တွင် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ ဈေးဖြင့် အရောင်း အဝယ် ပုံမှန်ရှိခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှစ၍ ယခုပတ်ထိ လက်ကား (ပွဲရုံ)ဈေးတစ်ပိဿာလျှင် ကျပ် ၂၄၀၀ - ၂၆၀၀၊ လက်လီဈေး ကျပ် ၂၈၀၀-၃၀၀၀ ဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။  ပြည်ဈေးကွက်သို့ ရှမ်းအာလူးများ အဝင်နည်းလာခြင်းကြောင့်ဖြစ်ပြီး မန္တလေးဘက်မှ တရုတ်အာလူးဖြင့်သာ အရောင်းအဝယ်ဖြစ်နေ၍ မန္တလေးဘက်မှ တရုတ်အာလူးများ နေ့စဉ် ပိဿာချိန်ပေါင်း ၂၅၀၀ခန့် အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)