ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ)များ ယခင်အပတ်များက နေ့စဉ်အဝင်ရှိခဲ့သော်လည်း ယခုအပတ်တွင် ရက်ခြားသာအဝင်ရှိခဲ့ပြီး (ကြူကုတ်)များလည်း မန္တလေးမှ ရက်ခြားသာအဝင်ရှိနေပြီး အဝင်နည်းနေကြောင်း၊ တစ်ပတ်လျှင် ရှမ်းစ ပိဿာချိန် ၃၀၀ခန့်နှင့် ကြူကုတ် ပိဿာချိန် ၄၀၀၀ခန့် စုစုပေါင်းပိဿာချိန် ၇၀၀ခန့် အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလုပ်ငန်းရှင်များ ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကြူကုတ် လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ်၃၆၀၀-၃၈၀၀၊ လက်လီဈေး ကျပ် ၄၀၀၀ ၊ ရှမ်းစ လက်ကား (ပွဲရုံဈေး) ထိ အလုံး၊ အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၃၂၀၀ မှ ၄၀၀၀၊ လက်လီဈေးကျပ် ၄၀၀၀ ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)