ဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်မန်ကျည်းမှည့်ရောင်းဝယ်ရေးသမားများ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့ အစွဲအေးနေကြောင်းလည်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီအရောင်းဆိုင်များမှ လိုသလောက် ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်းအဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ ယခုအပတ် မန်ကျည်းမှည့် လက်ကားဈေးတစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး၊ လက်လီဈေးများတွင် တစ်ပိဿာလျှင် ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းမှည့်အသစ်များလည်း မကြာမီတွင်ဈေးကွက်သို့ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)