“ကော့မှူးမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှု အခြေအနေ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်းကျေးရွာများတွင် စားအုန်းဆီလက်/ လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇူလိုင်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်  အနောက်ခြမ်းကျေးရွာများရှိ စားအုန်းဆီလက်လီဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆီကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ကျေးရွာစားအုန်းဆီလက်လီ အရောင်းကိုယ်စား လှယ်များအား စားအုန်းဆီခွဲတမ်းများ သတ်မှတ်ခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့ကျေးရွာအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုနှင့် လူဦးရေ စာရင်းအရ ဖြန့်ဖြူးရောင်းချပေးကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားစရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)