ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာပထမပတ်တွင် ပဲမျိုးစုံဈေးကျဆင်းခဲ့ရာမှ ဒုတိယပတ်တွင် ဈေးပြန်တက်လာကြောင်း သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာပထမပတ်တွင် မတ်ပဲတစ်တင်းကို ၅၅၅၀၀-၅၆၀၀၀-၅၆၅၀၀ ကျပ်ဖြင့် တစ်နေ့ကိုအိတ် (၁၀၀)ခန့်သာ အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေး ပြန်တက် လာပြီး မတ်ပဲတစ်တင်းကို ၅၇၀၀၀-၅၇၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀၀ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် မတ်ပဲဈေးပြန်မြင့်လာ၍ ယခင်အပတ်ကထက် ၁၀၀၀ ကျပ်ခန့် မြင့်တက်လာခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်၊ မန္တလေး အဝယ်တစ်ရက်ကို အိတ် ၅၀၀/၆၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ကျပ်ဖြင့် မန္တလေးအဝယ် တစ်ရက်ကိုအိတ် ၆၀၀/၇၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်၌ ဒီဇင်ဘာ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ် တစ်ခါတစ်ရံမှသာ ဖြစ်ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၀၀၀၀ကျပ် ဖြင့် တခါတရံမှသာ ရန်ကုန်အဝယ်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းကို ၆၀၅၀၀-၆၁၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၀၅၀၀-၆၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက် သမား များ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ ခန့် အဝယ်ရှိပါသည်။ ဒီဇင်ဘာ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၆၁၅၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် ဈေးတက်လာခဲ့ပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ၁၁၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် အဝယ်ရှိပါသည်။ ဒီဇင်ဘာဒုတိယပတ်တွင် ဘိုကိတ်ဈေး ကျပြီး ပဲတစ်တင်းကို ၃၉၀၀၀-၃၉၅၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်ပါကြောင်းနှင့် ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်မှုမှာ ပုံမှန်သာဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)