ပြည်ဒေသ၏ ဆောင်းနှမ်းသစ်ဈေးနှုန်းဈေးကွက်

Powered by Drupal

      ပြည်ဈေးကွက်သို့ ဆောင်းနှမ်းသစ်များ ယခုဒီဇင်ဘာလဒုတိယပတ်တွင် ဝင်ရောက်မှုများ လာခဲ့ပါသည်။ ပေါက်ခေါင်း၊ မြန်အောင်၊ မင်းတုန်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင်အိတ် ၆၀၀/၇၀၀ခန့် ဝင်ရောက်လာပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး ဝယ်လက်များက နှမ်းနက်ကို ဝယ်ယူမှုရှိသလို၊ နှမ်းနီကို မြို့တွင်းဆီစက်သမားများ ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့အနီးတဝိုက်ကျေးရွာများတွင် နှမ်းနက်ကိုသာ စိုက်ပျိုးကြသဖြင့် ဝယ်ယူစားသုံးသူများအနေဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံများ ဖြစ်ပါသည်။ ယခုနှစ် နှမ်းဈေးများမှာ ယခင်နှစ်ထက်စာလျှင် ဈေးကောင်းရပြီး၊ ယခုနှစ် မှာလည်း နှမ်းဈေးမှာ ဝယ်လိုအားများလျှင်များသလို ဈေးကောင်းရပြီး ဝယ်လိုအားနည်းလျှင် ဈေးကျ၍ အတက်အကျ မမှန်ကြောင်း တွေ့ရှိရပါသည်။ ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ဆောင်းနှမ်းသစ်များမှာ နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၄၀၀၀၀ကျပ်ဖြင့် နိုဝင်ဘာလ နောက်ဆုံးပတ်ထက်စာလျှင် တစ်အိတ်ကို ကျပ် ၁၀၀၀၀ခန့် ဈေးများ မြင့်တက်လာခဲ့ပါသည်။ စမုံနက်နှမ်း(၃)တင်း တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက် ၁၀၀၀၀ကျပ်ခန့် ဈေးကျလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)