ကံမမြို့နယ်၌ ဆီထွက်သီးနှံ (ဆောင်း)နေကြာနှင့် မတ်ပဲစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို (၁၁၇၅၈) ဧကလျာထားပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးပြီးစီးမှု သီးသန့်စိုက်ဧက(၁၃၃၁)ဧကနှင့် သီးညှပ်စိုက်ဧက (၄၃၀၉)ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက (၅၇၄၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။

    ဆောင်းသီးနှံနေကြာ (၅၇၄၀)ဧကကို ကျေးရွာအုပ်စု (၅၄)အုပ်စုတွင်စိုက်ပျိုးထားရှိပြီး ကံမမြို့နယ် ထန်းလေးပင်ကျေးရွာအုပ်စု ထန်းလေးပင်ကျေးရွာမှ တောင်သူများစိုက်ပျိုးထားသော ဆီထွက်သီးနှံ ဆောင်းနေကြာဧက(၁၀၀)မှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

  ကိုင်းမတ်ပဲသီးနှံအသစ်မှာ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ ဒီဇင်ဘာလပထမပတ်တွင် မတ်ပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၈၁၀၀၀)ဈေးဖြစ်ပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၈၈၅၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၇၅၀၀) ဈေးအတက်ဖြင့် တစ်ပတ်လျှင်အိတ်ရေ (၂၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆောင်းမတ်ပဲသီးနှံများကို (၇၂၃၀)ဧက လျာထားပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် (၄၅၉၅)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)