ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံစားကုန်ဖြစ်သော ကြက်ဥကို မြို့နယ်အတွင်း ကြက်ဥခြံများရှိသော်လည်း စားသုံးသူများ၏လိုအပ်ချက်အရ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။
ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်ဥ/ဘဲဥ/ငုံးဥဈေးနှုန်းများမှာ ဒီဇင်ဘာ(ဒုတိယ)ပတ်တွင် ကြက်ဥ(၁)ပိဿာလျှင် ကျပ်(၅၄၀၀)၊ ကြက်ဥ(၁)လုံးလျှင် (ဥကြီး) ကျပ်(၂၅၀)၊ (ဥလတ်) ကျပ် (၂၃၀)၊ (ဥသေး) ကျပ်(၂၁၀)၊ ဘဲဥ(၁)လုံး (ဥကြီး) ကျပ်(၃၄၀)၊ (ဥသေး) ကျပ်(၃၃၀)၊ ငုံးဥ(၁)လုံး ကျပ်(၅၀)၊ (၁၀)လုံး ကျပ်(၅၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(၁)ပတ်ထက် ကြက်ဥ (၁)ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး ဘဲဥ/ငုံးဥ ဈေးနှုန်းမှာ အတက်၊ အကျမရှိကြောင်း၊ (၁)ပတ်အတွင်း ကြက်ဥအလုံးရေ(၁၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဘဲဥဝယ်ယူစားသုံးမှုမှာအသင့်အတင့်သာရှိကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ ကြက်ဥ/ ဘဲဥနှင့်ငုံးဥ ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)