တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်တောင်သူများ စျေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်ဧက (၇၄၄၅) စိုက်ပျိုးထားရှိပြီး ဝါစိုက်တောင်သူအများစုသည် နိုင်ငံခြားစပ်မျိုး  (၆၆၆)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

    ဝါစိုက်တောင်သူများသည် ယခုနှစ်တွင်နိုင်ငံခြားစပ်မျိုးကိုပြောင်းလဲစိုက်ပျိုးခဲ့၍ တစ်ဧက အထွက်နှုန်းမှာ (၃၅၀-၄၀၀)ပိဿာအထိရရှိခဲ့ပြီး ပိုးသတ်ဆေးသုံးစွဲမှုလည်း လျော့ချသုံးစွဲခဲ့ရသည့် အပြင် စျေးကောင်းရောင်းရ၍ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။ ယခုနှစ် ဝါထွက်ချိန် ပထမအပတ်တွင် ဝါတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ဒုတိယအပတ်တွင်ကျပ်(၂၉၀၀-၃၀၀၀)၊ တတိယ အပတ်တွင်ကျပ် (၂၈၀၀-၂၉၀၀) ပေါက်စျေးရရှိခဲ့ကြောင်း သိရှိရပါသည်။

     ယခင်နှစ်တွင် အထွက်နှုန်းကောင်းခဲ့သော်လည်း ဝါထွက်ချိန်ပထမအပတ်တွင် ဝါတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀-၂၄၀၀)အထိ ဈေးမြင့်ဆုံးရရှိခဲ့သော်လည်း ယခုနှစ်မှာ ယခင်နှစ်ကထက် ဈေးပိုရ၍  ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)