
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၄.၇.၂၀၂၆)ရက် နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအပေါ် ကုန်စည် /ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း ရေး/ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေရေး၊ စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင်မှုများကိုဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအတိုင်း စားသုံးသူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောပွဲများ၊ ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဈေးကွက်ရောက်ပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
