
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်တောင်ရပ်ကွက်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်ကျောင်း အစည်းအဝေးခန်းမတွင်(၂၀.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်တို့သည် အစိုးရနည်းပညာကျောင်းရှိ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် Online Shopping နှင့် ပတ်သတ်၍ စားသုံးသူများ ရင်ဆိုင်ရမည့် အချက်အလက်များအား အသိပညာပေး ဟောပြောခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုဆက်သကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက္ကသိုလ်ကျောင်းသားများမှ Call Center 1535 သို့ ဆက်သွယ်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
