ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသော ဆောင်းရာသီပေါ် သီးနှံများ၏ ရောင်းချသည့်ဈေးနှုန်းများ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းတွင်းကာလဖြစ်၍ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရသည့် ဟင်းသီးဟင်းရွက်များပေါများသည့်အပြင် သရေစာအဖြစ်စားသုံးရသည့် အသီးအနှံများလည်းပေါများသည့် ကာလဖြစ်ပါသည်။ ရွှေဘိုမြို့စည်ပင်သာယာဈေးတွင် ရောင်းချလျက် ရှိသော သရေစာအဖြစ်စားသုံးရသည့်သီးနှံများ၏ ထွက်ရှိရာဒေသနှင့် ရောင်းချသည့်ဈေးနှုန်းများကို လေ့လာခဲ့ပါသည်။

ထန်းပင်မြစ်

          ထန်းပင်မြစ်ကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နှင့် မုံရွာမြို့တို့မှ အဓိကမှာယူရောင်းချပြီး ခရိုင်အတွင်းရှိ မြို့နယ်များမှလည်း အနည်းငယ်ဝင်ရောက်ကြောင်း ရောင်းဈေးအနေဖြင့် (၂၅)ချောင်းပါ တစ်စည်းလျင် (၁၅၀ဝိ/-)ဖြစ်ကြောင်းသိရှိရပါသည်။

ဝက်မြေဥ

  ဝက်မြေဥကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှ မှာယူရောင်းချပြီး ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပြည်လျှင် လက်လီ(၁၈၀ဝိ/-)နှင့် လက်ကား(၁၅၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

ပဲမြစ်

          ပဲမြစ်ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာနှင့် ခင်ဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာများမှ အဓိကမှာယူရောင်းချပြီး မန္တလေးမြို့မှလည်း မှာယူရောင်းချကြောင်း၊ ရောင်းချသည့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ (၂၅၀ဝိ/-)နှင့် လက်ကား(၂၂၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

ဇီးသီး

          ဇီးသီးကို မုံရွာမှာမှာယူရောင်းချပြီး အလုံးကြီးတစ်ပြည်လျှင်(၁၅၀ဝိ/-)၊ အလုံးသေးတစ်ပြည်လျှင် (၁၀၀ဝိ/-)ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)