မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှု ရှိ/ မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုများ ရှိ/ မရှိအား ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အလိုက် မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပါရှိမှု ရှိ/ မရှိမှု၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/ မရှိနှင့် တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော ကုန်စည်များရောင်းချမှုများ မရှိစေရေး စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာပါရှိသည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)