မော်လမြိုင်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

Powered by Drupal

         မော်လမြိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါ TalK Showတွင် စားသုံးသူများအတွက် စားသုံးသူအသိပညာပေးခြင်းကို ဌာနဆိုင်ရာကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ပြည်သူများကို အသိပညာပေးသည့်ကဏ္ဍတစ်ရပ်အဖြစ် ထုတ်လွှင့်လျက်ရှိသည့် ပြည်သူ့အတွက်အကျိုးရရှိရန် စားသုံးသူကာကွယ်ရေး အသိပညာပေးရသည့်ရည်ရွယ်ဆောင်ရွက်မှုဖြစ်ပါကြောင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။  ထို့နောက်  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့က ဆွေးနွေးချက်များတွင်  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်လ ၁၅ ရက်နေ့ "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အထိမ်းအမှတ်အဖြစ် ကျင်းပသည့်ဆောင်ပုဒ်များနှင့် ၂၀၁၆ ခုနှစ်မှစတင်၍ အထိမ်းအမှတ်ပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Webiste www.doca.gov.mm တွင် လေ့လာနိုင်ကြောင်းနှင့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းအရာများနှင့် စားသုံးသူများအတွက် ဌာနအတွင်း လုပ်ဆောင်မှုများအား ပိုမိုတိုးချဲ့ဆောင်ရွက်ရသည့်အကြောင်းများ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင်  ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မွန်)