မြစ်ကြီးနာမြို့တွင်ရောင်းချလျက်ရှိသော  ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်ဈေးနှုန်း

Powered by Drupal

 

        ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေးများတွင် စားဖို‌ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်များသည် စားသုံးသူပြည်သူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ် သော အဓိကသီးနှံများဖြစ်သည်။ ကချင်ပြည်နယ်တွင် အဓိကဝင်ရောက်သည့် မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတွင်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားဖိုဆောင်သီးနှံများအပြင် အခြားကုန်စည်များ ဝင်ရောက်မှု အလွန်နည်းပါးလျက်ရှိသဖြင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိ ကြောင်း သိရှိရသည်။

          မြစ်ကြီးနားမြို့ရှိ ဈေးများတွင် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ တတိယအပတ်၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများအနေဖြင့် တစ်ပိဿာဈေးနှုန်း ကြက်သွန်နီ(အကြီး) ၁၆၀၀၀ကျပ်၊ ကြက်သွန်နီ (အသေး) ၁၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁၅၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) ၁၃၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ) ၃၂၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ကချင်)