ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသောသကြားဈေးနှုန်း

Powered by Drupal

     သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သကြားဈေးနှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၂၈၀၀)ကျပ်ခန့်ရှိပြီး ယခင်နိုဝင်ဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ်ခန့်ရှိခဲ့၍ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း သီရီမဂႅလာဈေးအတွင်း သကြားရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)