ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့ကို တင်သွင်းလာခဲ့ ကြသည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၈၇၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၈၆၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြစ်ပြီး ယခင်ဒုတိယတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၃၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၃၀၀) ကျပ်ဖြင့် ကျဆင်းလာခဲ့ကြောင်း လွိုင်ကော်မြို့ အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(ကယား)