
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြေနီလမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ The Classic Collection ဖက်ရှင်အသုံးအဆောင်ပစ္စည်းများလုပ်ငန်း၊ နဝရတ်လမ်း၊ အထက်ရေပုန်းရပ်၊ မြိတ်မြို့ရှိ King Island Cocount Oil လူသုံးကုန်ပစ္စည်းများလုပ်ငန်း၊ အမှတ်(၆)၊ ဘုရားကိုးဆူ(၂)လမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ Ma Htet အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ အမှတ်(၂၁၁၂)၊ သီတာ(၃)လမ်း၊ အလယ်ကျွန်းရပ်၊ မြိတ်မြို့ရှိ အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း စသည့်ကုန်စည်ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့် လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
