CMP ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့

Powered by Drupal

     CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏လုပ်ငန်းများကို အ‌ထောက်အကူပြုနိုင်စေရန်စေ CMP  စနစ်ဖြင့်ဆောင်ရွက်သော အထည်ချုပ်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ လယ်ယာထွက်ကုန်လုပ်ငန်း(၄)ခု၏ သတင်းအချက်အလက်များစုစည်းခြင်း၊ မြေပြင်ကွင်းဆင်းခြင်းတို့နှင့်ပတ်သက်ပြီး ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် တာဝန်ပေးအပ်ထားသော လုပ်ငန်းအဖွဲ့၏တာဝန်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်များဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ အဖွဲ့ဝင် (၈) ဦးတို့မှ ၁၅-၁၂-၂၀၂၂ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)ရှိ အမှတ်(၄၇၆)၊ မိုးကုတ်လမ်း၊ Golden Theparerg Gament Co.,Ltd. (အထည်ချုပ်လုပ်ငန်း)၊ အမှတ်(၁၈)လမ်းသစ်လမ်း၊ ရွာသာကြီးအကြီးစားစက်မှုဇုန်၊ Myanmar Dongtai Garments Co.,Ltd. (အထည်ချုပ်လုပ်ငန်း)နှင့် အမှတ်(၁၄၃/၁)၊ ကျန်စစ်သားရိပ်မွန်၊ Woorie M.J Shirt Co.,Ltd (အထည်ချုပ် လုပ်ငန်း)တို့အား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က မြေပြင်ကွင်းဆင်းစစ်‌ဆေးမှုများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)