![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/132.png?itok=78LBR2rO)
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၁၄ )ရက်နေ့မှ ဒီဇင်ဘာလ ( ၂၀ )ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၇၀၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၁၈ ကျပ်သားပါ အလုံးကြီးတစ်ဘူးလျှင် ကျပ် ၂၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ၊ ပြည်မှ ဆီးသီး (အချဉ်သီး) ၁၃ ပြည်ပါ အလုံးကြီးသေတ္တာတစ်လုံးလျှင် ကျပ် ၁၃၀၀၀၊ ဆင်ဖြူကျွန်းမှ ဆီးသီး(စလေ) ၈ ပြည်ပါ အလုံးကြီးတစ်ခြင်းလျှင် ကျပ် ကျပ် ၁၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၈၀၀ မှ ၅၀၀၊ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၄၀၀၀ မှ ၃၀၀၀၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၀၀၀၊ မှော်ဘီ၊ တိုက်ကြီ မှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၈၀၀ မှ ၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)မှသိရှိရပါသည်။
DOCA(ရန်ကုန်)