ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးကျနေ

Powered by Drupal

         ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများတွင် မတ်ပဲဈေးမှာ ယခုအပတ်တွင် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲသစ်များအဝင်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အဝင်ရှိပါသည်။ ပန်းတောင်း၊ ကံမနှင့် မင်းတုန်းဘက်မှ အဝင်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လှောင်သမားများ အဝယ်ရှိခဲ့ပါသည်။ ပဲသစ်နှင့် ပဲဟောင်း(၂)မျိုးစလုံး အရောင်းအဝယ်ဖြစ်ပြီး ပဲဟောင်းများမှာ ထုတ်၍ရောင်းချသူများ၍ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာဒုတိယပတ်၌ မတ်ပဲဈေးတက်နေပြီး ပဲတစ်တင်းကို ၅၉၅၀၀-၆၀၀၀၀ကျပ်ခန့်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲဈေးကျပြီးမတ်ပဲတစ်တင်းကို ၅၇၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် အရောင်းအဝယ်ရှိပြီး၊ ပဲသစ်ရော ပဲဟောင်းပါ အဝယ်ရှိခဲ့ပါသည်။ ဒီဇင်ဘာဒုတိယပတ် မတ်ပဲဈေးနှင့် တတိယပတ်မတ်ပဲဈေးကို နှိုင်းယှဉ်လျှင် ပဲတစ်တင်းကို ၂၅၀၀-၃၀၀၀ကျပ်ခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)