ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ လမင်းပဲ၊ နှမ်း ပွဲရုံသို့ သွားရောက်၍ ပဲဈေးနှုန်းနှင့် နှမ်းဈေးများ၊ အရောင်းအဝယ်ဖြစ်မှုပမာဏနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၂) နေ့ ၊ နံနက်ပိုင်းတွင် လမင်း ပဲ၊ နှမ်းပွဲရုံသို့သွားရောက်၍ လေ့လာခဲ့ရာ ပွဲရုံပိုင်ရှင်မှ ပဲနှမ်း ရာသီချိန် ဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ ပန်းတောင်းမြို့အနီတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြပြီး၊ ပွဲရုံမှတစ်ဆင့် ပြည်မြို့ရှိ ပွဲရုံများသို့ ဆက်လက် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ပွဲရုံတွင်ရောင်းချသော သီးနှံဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအနေဖြင့် ပဲတီစိမ်း(၁)တင်းလျှင် ၄၀၀၀၀-၄၆၀၀၀ကျပ်၊ မြေပဲဆန်၊ လုံးတီးဆန်(အနီ)တစ်ပိဿာလျှင် ၅၄၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၁၀၀ကျပ်၊ မတ်ပဲတစ်တင်းလျှင် ၅၅၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၇၀၀၀၀-၈၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး တစ်နေ့လျှင် အိတ် ၄၀/၅၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ နေ့ပိုင်းတွင် ဥသျှစ်ပင်မြို့ရှိ ပင်ရွှေဦးဆန်ပွဲရုံသို့ ကွင်းဆင်း၍ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေများအား လေ့လာရာတွင် ၎င်းပွဲရုံမှ ရောင်းချလျှက်ရှိသော ဆန်ဈေးနှုန်းများမှာ ကရင်မဆန်သစ်တစ်အိတ်လျှင် ၄၁၀၀၀ကျပ်၊ မနောသုခဆန်သစ်တစ်အိတ်လျှင် ၄၃၀၀၀ကျပ်၊ ရိုးနီရှယ် သစ်တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ပေါ်ဆန်းဆန်သစ်တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ကောက်ညှင်းဆန် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့် ဒေသတွင်းသာ ရောင်းဝယ်ဖောက်ကားလျှက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်က ပင်ရွှေဦးဆန်ပွဲရုံအနေဖြင့် ဒေသတွင်းသာမက၊ တိုင်း/ပြည်နယ်ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချခဲ့သော်လည်း၊ ယခုအခါ တိုင်း/ပြည်နယ်များသို့ ရောင်းချမှုမရှိဘဲ ဒေသတွင်းသာ လက်လီရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)