တောင်ငူမြို့တွင် လိမ္မော်သီးများလှိုင်လှိုင်ပေါ်၍ ဈေးနှုန်းကျဆင်း

Powered by Drupal

        တောင်ငူမြို့ ညောင်ပင်ဈေးတွင် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ပါသည်။ ယခင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ထွက်ရှိသည့် လိမ္မော်သီးများမှာ ညောင်ပင်ဈေးတွင် အလုံးမလှဘဲ ဈေးနှုန်းမှာ  ၁ ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းခန့်ထိ ရှိခဲ့ပါသည်။

       ယခု ဒီဇင်ဘာလ အတွင်း ထွက်ရှိသည့် လိမ္မော်သီးများမှာ အလုံးသန့် အလုံးလှ၍ ဈေးနှုန်း မှာ ကျဆင်းသွားခဲ့ပါသည်။ လိမ္မော်သီး ရှယ်အလုံးကြီး ၁ပိဿာလျှင် ၃၅၀၀ ကျပ်မှ အလုံးအလတ် ၊ အသေး ပေါ်မူတည်၍ ၁ပိဿာ ၃၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ ဈေးနှုန်း ရရှိလျက် ရှိပါသည်။

        လိမ္မော်သီး အရွယ်တော် ၁ လုံးတွင် ကယ်လိုရီ ၈၀၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်နှင့် ပရိုတင်း ၁ဂရမ် ပါဝင်ပြီး အဆီဓာတ် လုံးဝမပါဝင်ကြောင်း လေ့လာ သိရှိရပါသည် ။  လိမ္မော်သီး စားသုံးပေးခြင်းဖြင့် အရေးပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာများကိုလည်း ကာကွယ်ပေးကြောင်း၊  လိမ္မော်သီးတွင်ပါဝင်သော အမျှင်ဓါတ်မှာ ပျော်ဝင်လွယ်သောကြောင့်  သွေးတွင်းရှိ ကိုလက်စထရောအား ကျဆင်းအောင် အထောက် အကူပေးကြောင်း လေ့လာသိရှိရပါသည်။

       လိမ္မော်သီးတွင်  အမျှင်များစွာ ပါဝင်၍ ၎င်းကိုစားသုံးပေးခြင်းဖြင့် အစာခြေရည်ကို ထွက်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)