ချင်းပြည်နယ်တွင် ဝဥစိုက်တောင်သူများသည် ၂၀၂၀ခုနှစ်အထိ ဝဥရောင်းချရာတွင် ဈေးကောင်းကောင်း ရရှိခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ (Covid-19) ကြောင့် ၂၀၂၁ခုနှစ်တွင် ဝဥရောင်း ချရာတွင် ဈေးကောင်းကောင်းမရဘဲ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း သိရသည်။ ၂၀၂၂ခုနှစ်တွင် အဓိက ဝဥဝယ်ယူသည့် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါ ကူးစက်မှု လျော့နည်းလာသဖြင့် နယ်စပ်ဂိတ်များကို (Covid-19)စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးခဲ့ရာ ဝဥဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာသည်ကို မြင်တွေ့ရကြောင်း ဝဥစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ဈေးနှုန်းများ နှိုင်းယှဉ်ပါက ၂၀၂၀ခုနှစ်တွင် ဝဥအစို ၁ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် အခြောက် ၁ပိဿာလျှင် (၁၈၀၀၀)ကျပ်အထိ ရှိခဲ့ပါသည်။ ၂၀၂၁ခုနှစ်တွင် ဝဥအစို ၁ပိဿာလျှင် (၇၀၀)ကျပ်နှင့် အခြောက် ၁ပိဿာလျှင် (၆၅၀၀)ကျပ်အထိသာ ရရှိခဲ့ရာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ဝဥအစို ၁ပိဿာလျှင် (၉၀၀) ကျပ်နှင့် အခြောက် ၁ပိဿာလျှင် (၈၀၀၀)ကျပ်အထိ ဝဥဈေးနှုန်း ပြန်လည်မြင့်တက်လာသည်။ ၂၀၂၁နှင့် ၂၀၂၂ခုနှစ် ရာခိုင်နှုန်းအနေဖြင့် နှိုင်းယှဉ်ပါက ဝဥအစို ၁ပိဿာလျှင် (၂၈.၅၇%)နှင့် အခြောက်၁ပိဿာလျှင် ( ၂၃% )အထိ ဈေးနှုန်း အသီးသီး ပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။ ဝဥစိုက်ပျိုးသည့် တောင်သူများ ပိုမိုကောင်းမွန်သော ဈေးကွက်ဈေးနှုန်းများ ရရှိစေရန် နိုင်ငံတော်အစိုးအရအနေဖြင့် ဝဥဝယ်ယူလေ့ရှိသည့် နိုင်ငံများနှင့် ဆက်လက်ပြီး ချိတ်ဆက်ကူညီပံ့ပိုးပေးပါရန် ဝဥစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် မျှော်လင့်ကြောင်း သိရသည်။
DOCA(ချင်း)