ယခုကာလသည် ဆောင်းရာသီကာလဖြစ်၍ ရာသီတုပ်ကွေးများနှင့် ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံးဆေးဝါးများမှာ ဒီဇင်ဘာလဒုတိယအပတ်တွင် ဆေးဝါးအချို့မှာစျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအား ဆေးများ၏ စျေးနှုန်းများမှာ ဒီဇင်ဘာလ ဒုတိယအပတ်တွင် စျေးနှုန်းပြောင်းလဲမှုမရှိဘဲ စျေးနှုန်း တည်ငြိမ်နေသော အိမ်သုံးဆေးဝါးများမှာ Paracetamol(၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၅၀)၊ Biogesic (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၃၀၀)၊ Amoxacillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ် (၃၅၀၀)၊ Bermeton အလုံး(၁၀၀)ပါတစ်ဘူးလျှင်ကျပ်(၁၀၀၀)၊ Cetrine (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၅၀)၊ဓါတ်ဆား MPF တစ်ထုပ်လျှင်ကျပ်(၃၀၀)၊ Sara (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀) လုံးပါ တစ်ကဒ်လျှင်ကျပ်(၄၀၀၀)၊ Solumx (၄) လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၅၀၀) ၊ Alexal(၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၅၀၀)၊ Mexagrip (၄)လုံးပါ တစ်ကဒ်လျှင် ကျပ်(၇၅၀) စသည် တို့ဖြင့် အသီးသီးစျေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း Decogin (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၆၀၀)ဖြစ်၍ ကျပ်(၁၀၀) စျေးမြင့်တက်ခဲ့ကြောင်း၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၁၄၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ် (၁၅၀၀)ဖြစ်၍ ကျပ်(၁၀၀)ဖြင့် စျေးမြင့်တက်လျက်ရှိကြောင်း ဆေးဆိုင်များမှလေ့လာသိရှိရပါသည်။
DOCA(မကွေး)