ဈေးအေးပြီး အရောင်းအဝယ်မအေးသော မိုးကြက်သွန်နီဈေးကွက်

Powered by Drupal

         မြင်းခြံခရိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော မိုးကြက်သွန်နီ ဈေးနှုန်းများမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင် အကြီးတစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်၊ အလတ်စတစ်ပိဿာ လျှင် ၁၅၀၀ ကျပ်မှ ၂၃၀၀ ကျပ်၊ အသေးစတစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်များရှိခဲ့ပြီး၊ ယခု ဒီဇင်ဘာလ တတိယပတ်ဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ အသေးစတစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့် ဈေးနှုန်းများ အနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ၇၀၀ ကျပ်ဝန်းကျင် လျော့ကျခဲ့ပြီး ကြက်သွန်နီများ အစိုစများပြီး ဆိုဒ်အရွယ်အစား၊ အရည်အသွေးများပေါ်မူတည်၍ ဈေးနှုန်းများ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          မြင်းခြံဈေးကွက်သို့ ကြက်သွန်နီ ဝင်ရောက်မှုအနေဖြင့် ယခင်အပတ်တွင် ပိဿာချိန် (၆၅၀၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး၊ ယခုအပတ်တွင် ပိဿာချိန် (၆၀၀၀၀၀)ကျော်သာ ဝင်ရောက် မှုရှိခဲ့ရာ ယခင်အပတ်ထက် ယခုအပတ်တွင် ပိဿာချိန် (၅၀၀၀၀)ခန့် လျော့နည်းခဲ့ပါသည်။ ကြက်သွန်နီ တင်ပို့မှု အနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မြဝတီ၊ မော်လမြိုင် စသည့်မြို့ကြီးများသို့ တင်ပို့လျက်ရှိပြီး ယခင်တစ်ပတ်တွင်  (၁၂)ဘီးကား(၁၉)စီး၊ တန်ချိန်အားဖြင့် (၃၂၃)တန် တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ်တွင် (၁၂)ဘီးကား (၂၂)စီး၊ တန်ချိန်အားဖြင့် (၃၇၄)တန် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ထက် တန်ချိန် (၅၁)တန် ပိုမိုတင်ပို့မှုရှိခဲ့ပါသည်။

          မိုးကြက်သွန်နီဈေးကွက်အနေဖြင့် အရည်အသွေး၊ အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းအေးပြီး တင်ပို့မှုအနေဖြင့် ဝယ်လက်ကုန်သည်များသို့ ပုံမှန်အတိုင်း တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)