ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ ဒီဇင်ဘာလ တတိယပတ်တွင် ဈေးနှုန်းဆက်လက် ကျဆင်းလာပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် ဒီဇင်ဘာလဒုတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၄၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်အောက် ၂၀၀ကျပ် ဈေးဆက်လက်ကျဆင်းလာခဲ့သည်။ မုံရွာမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများမှ လှိုင်လှိုင်ဝင်ရောက်လာသော ရာသီစာ ကျားခြေရာ သီးခေါ် ဗမာခရမ်းချဉ်သီး တစ်ပိသာလျှင် ၁၃၀၀ကျပ် မှ ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း အောင်ဇေယျဈေးတွင် ခရမ်းချဉ်သီး လက်လီရောင်းချသော ဈေးသည်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)