စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို မုံရွာမြို့နယ်အတွင်း၌လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခုနှစ်စိုက်ပျိုးထားရှိမှုများ စတင်ရိတ်သိမ်းပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများကြောင်း၊ ဒေသထွက်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှလည်းကောင်း သယ်ယူကာရောင်းချလျက်ရှိကြောင်း၊ လက်ရှိဈေးကွက် အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ယခင် နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခု ဒီဇင်ဘာလစတုတ္ထအပတ်နှင့် ယခင် စတုတ္ထအပတ်နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၅၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင် ရောင်းချနေသော ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)