မိုးကြက်သွန်နီများ စတင်ရိတ်သိမ်း  

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီ စိုက်ဧက (၂၀၀၀)ကျော်စိုက်ပျိုးပြီးစီး၍ ယနေ့အထိ ဧကပေါင်း (၁၆၀၀)ကျော် ရိတ်သိမ်းပြီးကြောင်း သိရသည်။ မိုးကြက်သွန်နီကို ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

         မိုးကြက်သွန်နီများ ဈေးကွက်သို့ နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိရာ ဈေး နှုန်းအနေဖြင့် တစ်ပိဿာလျှင်(၂၅၀၀-၃၅၀၀)ကျပ်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ် အတွင်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ အရွယ်အစားအလိုက်ဈေးများအသီးသီးရှိခဲ့ ကြောင်း၊ ကြက်သွန်နီဝင်ရောက်မှု ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် ယခင်အပတ်အတွင်းတစ်ရက်ကို ပိဿာချိန်ပေါင်း(၉၀၀၀)ခန့် နေ့စဉ်ဝင်ရောက်ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၁၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ တင်ပို့မှုများအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)