မော်လမြိုင်မြို့ အေးသာယာဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

          မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ  အေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံ အသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ  လက်လီ ဈေး၊ လက်ကားဈေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်ပေါ်မှုအား တွေ့ရှိရပါသည်။ အေးသာယာဈေးသည် ညနေ(၃း၀၀)နာရီမှ (၇း၀၀)နာရီထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့် အချိန်လည်းဖြစ်ပါသည်။

             အေးသာယာဈေး၌ ရောင်းချလျက်ရှိသော ကုန်စိမ်းများမှာ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မုန်ညင်းသီးနှံများ၊ ဘူးသီး၊ ရွှေဖရုံသီး၊ ပဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ငရုပ်သီးစိမ်း၊ သံပရာသီး၊ ရှောက်သီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ဖရဲသီး၊ ဖရဲသခွားသီး၊ ငှက်ပျော်သီးအမယ်စုံနှင့် ဘုရားပန်းမျိုးစုံတို့အား ရောင်းချလျက် ရှိပါသည်။

            ယင်းအမယ်မျိုးစုံများမှ ဈေးနှုန်းအခြေအနေများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင်ကျပ် ၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀အတွင်း၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ကန်စွမ်းရွက် တစ်စည်းလျှင် ကျပ် ၆၀မှ ၇၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၆၀မှ ၈၀အတွင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၅၀အတွင်း၊ လိမ္မော်သီး တစ်ကီလိုလျှင် ကျပ် ၂၅၀၀မှ ၄၀၀၀အတွင်း ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)