
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ စားသုံးသူ ရေးရာဦးစီးဌာနမှ အင်္ဂပူမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်း က ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းထားရှိမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန် ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားလာရောက် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခဲ့ပါက စားသုံးသူကာကွယ်ရေးဥပဒေအရအရေးယူခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA ဧရာဝတီ
