
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာရှိ ဦးမောင်ဝင်းပိုင် သိဒ္ဓိစံဆန်စက်၌ ဆန်ထုတ်လုပ်မှုလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဆန်စက်၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ထုတ်ကုန်များ၏ အရည်အသွေးနှင့် သန့်ရှင်းသပ်ရပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသည့် ဆန်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း လစဉ်လဆန်းရက်များတွင် ရ၊ထုတ်၊ကျန် စပါးဆန် လက်ကျန်ဖြည့်သွင်းရေး သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပည့်မီပါက သက်တမ်းတိုးခြင်းလုပ်ငန်းများကို မဖြစ်မနေဆေင်ရွက်ရန်ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း သန့်ရှင်းရေးနှင့် အရည်အသွေးထိန်းချုပ်မှုကို စနစ်တကျ ဆောင်ရွက်ရေးတို့ကို အလေးထားလိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည် တာဝန်များအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
