အုတ်တွင်းမြို့နယ် ခပေါင်းဆည်မှ ရေလွတ်ပေး၍ နွေစပါးများစိုက်ပျိုး

Powered by Drupal

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးနှင့် နွေစပါးအထွက်နှုန်းတိုးစေရေးအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ခပေါင်းဆည်မှ ရေများစတင် လွှတ်ပေးလျက်ရှိပါသည်။

            အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၈၆၆၂ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၉၁၂၁ ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထား ဆောင်ရွက်လျက်ရှိပါသည်။ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ပါက အုတ်တွင်းမြို့နယ်တွင် နွေစပါး တင်း ၂၃ သိန်းခန့် ထွက်ရှိနိုင်မည် ဖြစ်ပါသည်။

             နွေစပါးစိုက်လယ်မြေများသို့ ဆည်ရေအပြည့်အဝရရှိရေးအတွက် ဆည်မှရေများစတင် လွှတ်ပေးမှုအခြေအနေနှင့် ရေဝေမြောင်းများသို့ ရေများရောက်ရှိစေရေးတို့ကို ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)