မြင်းခြံမြို့ အမှတ်(၄)အ.ထ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တွင် (၁၈.၉.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်၌ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသောဈေးသည်များအားစားသုံးသူကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကမ္ဘာစားသုံးသူအခွင့်အရေးဖြစ် ပေါ်လာပုံစသည့်ဖြင့် အဖွင့်မှာစကားပြောကြားပေးခဲ့ကြောင်း၊ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၅)ဦး၊ စုစုပေါင်း (၂၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                                                                           DOCa(မန္တလေး)