ဂေါ်ဖီထုပ်ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်ခြင်း၊ မြေဆီမြေလွှာ ကောင်းမွန်ခြင်းတို့ကြောင့် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးပင်စားပင်များ စိုက်ပျိုးပြီး ဆောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိပါသည်။ ၎င်းတို့အနက်မှ ဂေါ်ဖီထုပ်ကို မိရိုးဖလာစိုက်ပျိုးသော တောင်သူများလည်းရှိပါသည်။

          ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက်မျိုးဖြစ် ပါသည်။ ဂေါ်ဖီထုပ်ကိုတစ်နှစ်ပတ်လုံးဈေးကွက်တွင် မြင်တွေ့ရပြီး အစိမ်းလိုက်တို့မြုပ်၍စားခြင်း၊ ကြော်ချက်၍စားခြင်း၊ အရည်သောက်အဖြစ်လည်းကောင်း၊ အချဉ်သုပ်၍စားခြင်းစသဖြင့် အမျိုးမျိုး စားသောက်ကြပါသည်။ တောင်ပေါ်ဒေသတွင်သာမက မြေပြန့်ဒေသတွင်လည်း စိုက်ပျိုးကြပါသည်။

          ဂေါ်ဖီထုပ်ကို အစောပိုင်းတစ်သီးအတွက် ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး ဆောင်းသီးအတွက် စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စိုက်ပျိုးပါသည်။ ဂေါ်ဖီထုပ်ကို ဘောင်ဖြင့် ပျိုးထောင်ပြီးအကျယ် ၃ ပေ အမြင့် ၆ လက်မရှိ ပျိုးဘောင်ဖော်ပေးရပါမည် ။ မြေကို မှုန့်ညက်အောင်ဆွပေးရပါမည်။ ပျိုးဘောင်ကို ၄ လက်မ ခွာ၍ လက်မဝက်အနက်မြောင်းငယ်များကို ကန့်လန့်ဖြတ်ဆွဲရပါမည်။ ၃ ရက် မှ ၅ရက်ခန့်တွင် အပပင်များပေါက်လာပါမည် ။ ပျိုးပင်သက် ၁ လ ကြာလျှင် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးရပါမည် ။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မျိုးကိုလိုက်၍ ပင်ကြား တန်းကြား (၂x၂)ပေထားရပါမည်။အထုပ်စတင်ကြီးထွားချိန်ရေပိုလိုအပ်ပါသည်။သက်လျင် မျိုးကို (၉၀x၁၀၀)ရက် သတ်လတ်နှင့် သက်ကြီးမျိုးကို(၁၃၀x၁၅၀)ရက်တွင် ခုတ်သိမ်းနိုင်ပါသည်။ ရင့်လာသော အထုပ်ကို အထုပ်ကျစ်လစ်မှုပေါ် ခန့်မှန်း၍ ဈေးကွက်သို့ ရောင်းချနိုင်ပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်အားခသွင်းအားစု စုစုပေါင်း သိန်း(၄၀)ကျော်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် သိန်း(၆၀)ထိ ရရှိနိုင်ပါသည်။

          ယခုအချိန်ထွက်ရှိသော ဂေါ်ဖီထုပ်များကို ပြင်ဦးလွင်ရှိဈေးများတွင် အရွယ်အစားပေါ် မူတည်ပြီး ၃၀၀ဝိ/- ၂၅၀ဝိ/- ၂၀၀ဝိ/- ကျပ်ဖြင့် ရောင်းချပြီး မန္တလေးမြို့နှင့်အနီးတစ်ဝိုက်ရှိ မြို့များသို့ နေ့စဉ် (၆)ဘီးကားများဖြင့် တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)