“စပျစ်သီးအစိမ်းများ ဈေးကွက်ဝင်၊ လူကြိုက်များ ရောင်းအားကောင်းလျက်ရှိ”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေး တို့တွင် လတ်ဆတ်သော စပျစ်သီးအစိမ်းများ အစဉ်မပြတ် ဝင်ရောက်ရောင်းချလျက်ရှိရာ စားသုံးသူ ပြည်သူများအကြား အထူးမေးမြန်း ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ဈေးကွက် များသို့ လတ်ဆတ်ပြီး အရသာကောင်းမွန်သည့် စပျစ်သီးအစိမ်းများ ပုံမှန်ဝင်ရောက်လျက်ရှိရာ ဈေးကွက်အတွင်း တစ်ဆယ်သားလျှင်(၁၀၀၀/-)ကျပ် တစ်ပိဿာလျှင် (၁၀၀၀၀/-)ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးအစိမ်းသည် အချို၊ အချဉ် အရသာမျှတပြီး စိမ့်ဝင်လတ်ဆတ် သောကြောင့် ကလေး၊ လူငယ်၊ လူကြီးမရွေး စားသုံးသူပြည်သူများ အထူးကြိုက်နှစ်သက်စွာ နေ့စဉ် ဝယ်ယူလျက်ရှိကြကြောင်း၊ စပျစ်သီးအစိမ်းသည် စားရသည်မှာ အရသာရှိရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ စပျစ်သီးတွင် ပါဝင်သည့် Potassium နှင့် Antioxidants များသည် သွေးတိုးကိုထိန်းညှိပေးပြီး မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးသဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူး များရရှိကြောင်း၊ လူကြိုက်များသည့် စပျစ်သီးအစိမ်းများကို နေ့စဉ်သင့်တင့်ရုံစားသုံးပေးခြင်းဖြင့် မိသားစုကျန်းမာရေးကိုအထောက်အကူပြုနိုင်ကြောင်းသစ်သီးရောင်းချသူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။DOCA(မန္တလေး)