“မြေပဲ(မိုး)များထွက်ပေါ်လျက်ရှိ”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး၊ပဲ၊ပြောင်းသီးနှံများပြင်ဆီထွက်သီးနှံတစ်မျိုးဖြစ်သောမြေပဲသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် မြေပဲ(မိုး) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၀၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅)ဧက၊မြစ်သားမြို့နယ်တွင် (၈၀၁)ဧက၊ စုစုပေါင်း(၁၀၃၈)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ မျိုးအနေဖြင့် ပင်ထောင်ပဲနှင့်ပင်ပြန့်ပဲ နှစ်မျိုးရှိပြီး မြို့နယ်အတွင်း အများဆုံး စိုက်ပျိုးသောမျိုးမှာ ပင်ပြန့်မျိုးများဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် မြေပဲအဆံ စိုက်ပျိုးပါက (၂၄)ပြည် စိုက်ပျိုးရပြီး မြေပဲအတောင့် စိုက်ပျိုးပါက(၄)တင်းခန့် စိုက်ပျိုးရကြောင်း ၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် မြေပဲပင်များထွက်ပေါ်လျက်ရှိကြောင်း ၊ (၁)ဧကအထွက်နှုန်းအနေဖြင့်(၃၀-၃၅) တင်းခန့်ထွက်ရှိကြောင်း၊   မြေပဲဈေးနှုန်းအနေဖြင့် သြဂုတ်လတွင် တစ်တင်းလျှင် (၄၀၀၀၀/-)ကျပ်‌ စျေးနှုန်းများဖြင့်အရောင်းအ ဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလတွင် မြေပဲတစ်တင်းလျှင်(၃၈၀၀၀/-)ကျပ်‌ စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီးစျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊(၁)ဧကအကျိုးအမြတ်အနေဖြင့်(၇၃၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ် ၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၂၀၀၀/-)ကျပ်၊ မြေပဲတောင့်ဖတ်(၁)ပိဿာလျှင် (၃၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံသို့ ကိုယ်တိုင်ရောင်းချကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေး မြို့များသို့ တင်ပို့ရောင်းချကြကြောင်း မိုးမြေပဲ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိ ရပါသည်။

DOCA(မန္တလေး)