သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာတွင်စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပ

Powered by Drupal

          မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာ  စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက်၂၀၂၆ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့တွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ သည်။

                       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)မှစားသုံးသူရေးရာဦးစီးဌာနတွင်လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက် လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ် ရေး ဥပဒေအရစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိ ကြောင်း လုပ်ငန်းရှင်များ အနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်း အမှတ်အသားများ နှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊မိမိထုတ်ကုန်များကိုကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်း ရှင်များအနေ ဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူ များဖြစ်သည့် အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါ ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးကြောင်းသိရှိရပါသည်။      

    DOCA(မန္တလေး)