စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ် “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသအတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း၈ကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      “ရွှေကြိုးကြာ” ကုလားပဲမှုန့်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့်  ကုလားပဲကျက်မှုန့် (၁၅၀)ဂရမ် ကုန်စည်များကို အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)