မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

           မင်းဘူးမြို့မဈေးတွင် ဒီဇင်ဘာလ ဒုတိယပတ်တွင်အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ (သစ်)ဈေးနှုန်းမှာ (1)ပိဿာလျှင် ကျပ်(3800မှ4000)ဖြစ်ပြီး တတိယပတ်တွင် ကြက်သွန်နီ (သစ်)ဈေးနှုန်း ကျပ်(3600မှ3800)ဖြစ်၍ ဈေးအနည်းငယ်ကျလာကြောင်း၊ ကြက်သွန်နီ အသစ် များကို မဲဇလီ(ပွင့်ဖြူ)၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပင်းချောင်း (ရေနံချောင်း) မြို့နယ်များမှ ဝယ်ယူ ရောင်းချကြောင်းနှင့်          စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ်(3800)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင်ကျပ်(3500)၊ အာလူး(၁)ပိဿာလျှင်ကျပ်(2200)၊ ငရုတ်ခြောက်ရှည် (1)ပိဿာလျှင် ကျပ်(15000)၊ မန်းကျည်းသီးမှည့် (1)ပိဿာလျှင် ကျပ်(4200) ဖြစ်၍ဈေးငြိမ် လျက်ရှိကြောင်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

          စားသုံးဆီများမှာ နှမ်းဆီ (1)ပိဿာလျှင် ကျပ်(9000မှ10000)ကျပ်၊ ပဲဆီ (1)ပိဿာလျှင် ကျပ်(9500မှ10000)၊ စားအုန်းဆီ(1)ပိဿာလျှင် ကျပ်(5500)ဖြစ်၍ စားအုန်းဆီမှာ အညာဒေသ ၏ဆောင်းတွင်း၌ သုံးစွဲမှုနည်းလာသည့်အတွက် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း စားအုန်းဆီဈေး နှင့်အတူ ပဲဆီ၊ နှမ်းဆီဈေးလည်းအနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(မကွေး)